Pages

Pages

ပေါက်တောမြိုနယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ အောက်ဆီဂျင်စက်နှစ်လုံးလှူဒါန်း





MNP ၊ နိုဝင်ဘာ  ၈        

ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ပေါက်‌တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့  ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေပုလ္လ (၅)လမ်းနေ  ဦးကျော်ခိုင် ဇနီး ဒေါ်မရွှေမြမိသားစုတို့က မိမိဇာတိမွေးရပ်မြေဖြစ်သည့်ပေါက်တောမြို့ ရှိ နာရေးကူညီမှုအသင်းအား ‌အောက်ဆီဂျင်စက်နှစ်လုံးကို ယမန်နေ့  နေ့လယ်(၁)နာရီခန့်က ပေါက်တောမြို့ဓါတ်တောင်ကျောင်း တွင်လှူဒါန်းခဲ့ကြသည်။


ယင်းစက်နှစ်လုံးကို အလှူရှင်မိသားစုများက  ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးလှရွှေ နှင့် အတွင်းရေးမှူး ဦးစောလှမောင်တို့က လက်ခံရယူခဲ့ကြသည်။ ယင်းစက်နှစ်လုံးမှာ ဂျာမဏီနိုင်ငံထုတ်စက်ဖြစ်ပြီး စက်တစ်လုံးစီ၏ ကာလတန်ဖိုးမှာ မြန်မာငွေကျပ်(၄၅)သိန်းရှိသည်ဟုသိရှိရသည်။အခမ်းအနားသို့ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း နာယကဆရာတော်များ ၊အသင်း ဥက္ကဋ္ဌ ၊အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment