ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား

 


MNP - နိုဝင်ဘာ  ၁၄


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် ယနေ့နံနက်အရုဏ်တက် ၅ နာရီ ကျော်အချိန်ခန့်မှစ၍ စောစောထလမ်းလျောက်ကြသူများ၊ အပြေးလေ့ကျင့်သူများ၊ စက်ဘီးစီးသူများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိ သည်။


ယင်းသို့ ကျန်းမာရေးလှုပ်ရှားမှုပြုလုပ်နေသူများမှာ အသက် ၁၀ နှစ်ခန့်အရွယ်မှစ၍ အသက် ၆၀ ကျော်အရွယ်ထိရှိသူများဖြစ်သည်။ ၎င်းတို့မှာ အအေးဓာတ်ဝင်လာပြီဖြစ်သည့် နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ အဆိုပါကမ်းခြေ၌ ကိုယ်လက်လှုပ်ရှားကျန်းမာရေး လေ့ကျင့် ခန်းများပြု လုပ်ခြင်း၊ ကျောက်ဖြူဗျူးပွိုင့်နှင့် Welcome to Kyauk Phyu နေရာမှစတင်၍ သာသနာ ၂၅၀၀ အကွေ့ထိလမ်းလျှောက်ခြင်း၊ ကမ်းခြေတစ်လျှောက် စက်ဘီးစီးခြင်း၊ အပြေးလေ့ကျင့်ခြင်းများ ဆောင်ရွက်နေကြပြီး ကမ်းခြေတစ်လျှောက်အထူးစည်ကားလျက် ရှိသည်။


ပြည်သူများအနေဖြင့် ထိုသို့ ဆောင်းရာသီနံနက်ခင်း လမ်းလျှောက်ထွက်ခြင်းဖြင့် ကျန်းမာသည့်ကိုယ်အလေးချိန်ကိုရရှိစေနိုင်ခြင်း၊ ဆီးချိုနှင့်နှလုံးရောဂါတို့ကို ဖြစ်နိုင်ခြေနည်းနိုင်ခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေ ခြင်း၊ တစ်နေ့တာလန်းဆန်းတက်ကြွမှုကြောင့် စိတ်ဓာတ်ကျမှုကင်းဝေးခြင်း၊ သွေးလည်ပတ်မှုကောင်းခြင်းကြောင့် အသားအရည်စိုပြည်ခြင်း အစရှိသည့် အကျိုးရလဒ်များကိုရရှိနိုင်မည်ဖြစ်သည်။


အဆိုပါကျောက်ဖြူပင်လယ်ကမ်းခြေတွင် ဒေသခံပြည်သူများအနေဖြင့် နံနက်စောစောထလမ်းလျှောက်ခြင်း၊ ကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ညနေပိုင်းတွင်လူငယ်များ သဲသောင်ပြင်ဘောလုံးကစားခြင်း၊ ရေကူးခြင်း၊ စွန်လွှတ်ခြင်းတို့အပြင် မိသားစုအပန်း ဖြေရာ နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)