မန္တလေးစွယ်တော်မြတ်စေတီ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးစွယ်တော်မြတ်စေတီ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - နိုဝင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ မန္တလေးမြတ်စွယ်တော်စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ပရဝုန်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပွဲတော်ကျင်းပရေးကော်မတီနာယက အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် ဂေါပကဥက္ကဋ္ဌတို့မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများက မိမိတို့လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တက်ရောက်လာသော ကော်မတီ၊ ဆပ်ကော်မတီများက မရှင်းလင်းသည့်အချက်များကို မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်ပြီး နာယကကြီးများက လိုအပ်သည်များကိုမှာကြားပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက နိဂုံးချုပ်စကားပြောကြားသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)