တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၁၃


အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးနိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ


 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ဦးအောင်စောဝင်းနှင့် ဦးဘရန်ရှောင်တို့သည် ယမန်နေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ သပိတ်ကျင်းခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် အမရပူရမြို့နယ် တို့တွင် မြို့နယ်အသီးသီး၏ လျာထားမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ လျာထားမဲရုံတည်နေရာ များအား စိစစ်အတည်ပြုခြင်းများအပြင် မြို့နယ်အသီးသီးတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် စပ်လျဉ်း၍ စိစစ်တွက်ချက်အတည်ပြုခြင်းများကို ဆောင်ရွက်ကြပြီး လိုအပ်ချက် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူး၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရှိရသည်။


သတင်း - မြင့်မော်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)