မိုင်းဖြတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ

 



MNP - နိုဝင်ဘာ  ၁၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်းကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို စည်းကားစွာကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွန့်နှင့် အထက်တန်းကျောင်းအုပ်ဆရာမကြီးများက အခမ်းအနားပြုလုပ်ခြင်း၊ ပြိုင်ပွဲများပြုလုပ်မည့်အခြေအနေများ၊ ပြိုင်ပွဲအမျိုးအမည်များ၊ အစီအစဉ်များနှင့်လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား စည်းကားစွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)