မာန်အောင်မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်






MNP ၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌  မြို့သန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ရန်အောင်မြင်ရပ်ကွက်၊ဘောလုံးကွင်းသွားရာလမ်းတစ်လျောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး များဆောင်ရွက်ကြသည်။


အဆိုပါ စုပေါင်း သန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကဘောလုံးကွင်းသွားရာ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာရှိ လမ်းမပေါ်သို့ ထိုးထွက်နေသော သစ်ပင်၊သစ်ကိုင်းများ၊ချုံနွယ်ပိတ်ပေါင်း၊မြက်ပင်များ၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျစွန့်ပစ်ခဲ့ကာ သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)