စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ



MNP - နိုဝင်ဘာ ၁၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)ခန်းမ မြို့နယ်စာကြည့်တိုက်အတွင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန်၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိရန် စသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင် ပြသရခြင်းနှင့် စာအုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ စလင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ သုတ၊ရသစာအုပ်များဖြင့် စာအုပ်ပြပွဲကိုကျင်းပရာ အထက(၂)မှ ကျောင်းသား/  ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းဖြင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ကျောင်းသား/ ကျောင်းသူများကို ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)