လက်ပံတန်းမြို၌ ဆီထွက်သီးနှံ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးမှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို၌ ဆီထွက်သီးနှံ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးမှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း ကွင်းဆင်းကြည့်ရှု




MNP - နိုဝင်ဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ကျွန်းကလေးကျေးရွာ တောင်သူ  ဦးတင်ရွှေ၏ ကွင်းအမှတ်(၁၁၇၃)၊ ဦးပိုင်အမှတ်(၁၀/၁)တွင် ပြုလုပ်ရာ  သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်/ကြပ် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ က နေကြာမျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များ၊ ဓာတ်မြေဩဇာ အသုံးပြုမှုနည်းစနစ်များကို အသိပညာပေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိမိအနေဖြင့် စိုက်ပျိုးသီးနှံကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ဆောင်းနေကြာကို သီးသန့် ၂ ဧကနှင့် မတ်ပဲ၊ ပဲတီစိမ်းတို့ဖြင့် သီးညှပ် ၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူ ဦးတင်ရွှေက ပြောကြားသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)