ပြည်မြို့၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ  ၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မြို့ကျက်သရေဆောင်သီရိခေတ္တသိရိန္ဒရသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။


အခမ်းအနားကိုရှေးဦးစွာ “နမောတဿ ဗုဒ္ဓဝန္ဒနာ”(၃)ဂါထာတော်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်မြို့ဝင်္ကဘာကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္ဒ သြဘာသထံမှ ဒကာ၊ ဒကာမအပေါင်းတို့က(၉)ပါးသီလခံယူကြသည်။


ယင်းနောက်ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ရွတ်ပွားချီးမြင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်ရေးမှူး ရဲမှူးတိုးလှိုင်ကသာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။


ထို့နောက်ဒကာ၊ ဒကာမအပေါင်းတို့က ဆရာတော်အရှင်သူမြတ်တို့ထံ လူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဝင်္ကဘာကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္ဒ သြဘာသ ကလှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေတော်မူသည်။


ထို့နောက်အခမ်းအနားပထမပိုင်းကို ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါစုပေါင်းမဟာဘုံကထိန်သည် ပြည်မြို့ပေါ်ရှိဘုန်တော်ကြီးကျောင်းများအနက် ကထိန်အာနိသင်မရရှိသေးသော ဘုန်းတော်ကြီးကျောင်း(၂၇)ကျောင်းအား ပြည်မြို့ရှိခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်စေတနာရှင်များက ပဒေသာပင်များသီး၍ ကထိန်အာနိသင်ရရှိစေရန် စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)