တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင်တင်းနစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင်တင်းနစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

 


MNP - နိုဝင်ဘာ   ၁၉


၂၀၂၂ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၄)ခရိုင်တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းတင်းနစ် အားကစားကွင်းတွင် ကျင်းပပြုလုပ် သည်။


၂၀၂၂ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၄)ခရိုင်တင်းနစ် ပြိုင်ပွဲကို တနင်္သာရီ တိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊မြိတ်ခရိုင်၊ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်တို့မှ ပြိုင်ပွဲဝင် အားကစားသမားများ ပတ်လည်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲအဖြစ် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင်အသင်းကအနိုင်ရဗိုလ်ဆွဲခဲ့သည်။


ယင်းနောက်ဆုချီးမြှင့်ပွဲအားဆက်လက်ကျင်းပရာ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊  ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ချို၊ တိုင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပထမတံခွန်စိုက်ဆုရ မြိတ်ခရိုင်အသင်းနှင့် ဒုတိယဆုရရှိသည့် ကော့သောင်းခရိုင်အသင်းကို ဆုဖလားနှင့်ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)