စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက်ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက်ရောင်းချပေး



MNP - နိုဝင်ဘာ  ၂၄


ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။


အဆိုပါ ရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ရွှေပြည်စိုး ဆီပွဲရုံမှ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား မီးဖိုချောင်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ ရာ စားသုံးဆီတစ်ပိဿာ ၄၉၀၀ကျပ် နှုန်းဖြင့် တစ်အိမ်ထောင်စုလျှင် တစ်ပိဿာနှုန်း ဆီပိဿာချိန် (၁၆၁၂) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)