အင်္ဂပူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ -၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ -၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ပြုလုပ်



MNP - နိုဝင်ဘာ  ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သမဝါယမအသင်းစုလိမိတက်၏ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သဘာပတိဦးစိုးမြင့်ထည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌဦး‌‌စောအင်ဒရူးပန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်များအတွက် အသင်းဒါရိုက်တာအဖွဲ့အစီရင်ခံစာ ဖတ်ကြားခြင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာဖတ်ကြားခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားခြင်းတို့ကို အသင်းတာဝန်ရှိသူများက ဖတ်ကြားခဲ့ပြီး သဘာပတိထံမှ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)