တံတားဦးမြို့နယ်၌ မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်၌ မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - နိုဝင်ဘာ   ၁၄


တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။


လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်လယ်ယာမြေစီမံခန့်မှုအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားမှုများအား လယ်ယာမြေ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်မှုကိစ္စရပ်များ ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပေါက်ပုံစံ(၇) ပြန်လည်ထုတ်ပေးနိုင်ရေး ကိစ္စရပ်များ ၊ လယ်ယာမြေလုပ်ပိုင်ခွင့်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေများကို စိုက်ပျိုးမှုမှ အခြားနည်း အသုံးပြုရန် လျှောက်ထားလာသည့် ကိစ္စရပ်များကို မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးရေးတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ မိမိတို့ ဆောင်ရွက်ထားသည့် လုပ်ငန်းများအပေါ် မြို့နယ်လယ်ယာမြေစီမံခန့်မှုအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)