MNP ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၂ နာရီအချိန် ကိုယ်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် မူကြိုကလေးများအား အာဟာရဒါန ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပြုလုပ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့မဈေးကြီးအနီး ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ မူကြို ကလေးများ အား အာဟာရဒါနများ ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး ခြံဝင်းအတွင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ် ပတ် လည်နေ့ကို ကြိုဆိုသောအားဖြင့် လွန်ဆွဲပွဲ ၊ ထုတ်စီးထိုးပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment