Pages

Pages

ဘီးလင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်





MNP ၊  နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ ၊နံရံကပ် စာစောင်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ် ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ ဘီးလင်းမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ပညာပေး ဟောပြောခဲ့သည်။

         

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကလေး စာပေ စာအုပ်များကို လေ့လာဖတ်ရှူ့စေပြီး  ကွမ်းစားသုံးမှု အန္တရာယ်၊လူကုန်ကူးမှုအန္တရာယ် နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်‌ရေး  အသိပညာပေး နံရံကပ်စာ‌စောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ဝင်တစား လေ့လာ ကြည့်ရှူ့ခဲ့ ကြသည်။ 

   

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများအား မိမိ စိတ်ကြိုက် ရွေးချယ်ဖတ်ရှူ့ထားသည့် စာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ပေးခဲ့  ကြောင်းသိရသည်။ 

      

ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment