Pages

Pages

မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





MNP ၊  နိုဝင်ဘာ  ၁၄

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ ကျင်းပနိုင်ရေး  အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရမည့် အခြေအနေများ ၊  အထက်တန်း ၊ အလယ်တန်းအဆင့် စာစီစာကုံး ၊ ပန်းချီပြိုင်ပွဲများ နှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်  ကော်မတီများ    အ လိုက်  လုပ်ဆောင်ရမည့် တာဝန်များကို  ပြောကြားပြီး သက်ဆိုင်ရာဌာနများ အသေးစိတ် ရှင်းလင်း ဆွေးနွေး တင်ပြ ကြ ရန်  လိုအပ်ကြောင်း ပြောကြားခဲ့သည်။  


ဆက်လက်၍ မြို့နယ်အားကစားမှူးက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုး သား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အထက်တန်း နှင့် အလယ်တန်းအဆင့် ကျင်းပ ပြုလုပ်မည့်  အားကစား ပြိုင်ပွဲ များဖြစ်သော  ကွမ်းသီးကောက်ပြိုင်ပွဲ ၊ ဂုန်နီအိတ် စွပ် ပြိုင်ပွဲ ၊ အပ်ချည်ထိုးပြိုင်ပွဲ ၊ ခြေပူးပြိုင်ပွဲ များကို ကျင်းပမည့် အခြေ အနေများ အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက  ကော်မတီ များ၏ ကဏ္ဍ အလိုက် လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ  တင်ပြချက်များအပေါ်  မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment