မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ



MNP - နိုဝင်ဘာ   ၅


ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံ(ရွှေကျင်)ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။


ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာဓမ္မိကာရုံဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ ထံမှငါးပါးသီလကို ခံယူဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်(၄၆)ပါးတို့က ရွတ်ပွားသရဇ္ဇျယ်ခဲ့ကြသော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။


ဆက်လက်၍ မဟာဓမ္မိကာရုံကျောင်းတိုက် ဒါယိကာ၊ ဒါယိကာမများကိုယ်စား ကျောင်းဒါယိကာ ဦးသာညွန့်မှ ကထိန်လျာမြတ်သင်္ကန်းနှင့် ဒါယိကာ၊ ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး ပြင်ကောက်ကျေးရွာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝုဓထံမှ ကထိန်အကျိုးတရားတော်မြတ်ကိုနာယူ၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သိန်းဖေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)