တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ကောင်စီဝင် ဦးနေထွန်းဝင်းတို့မှ ကျောင်းသားကျောင်းသူများအား သတင်းမှား၊ သတင်းမှန်ခွဲခြား သုံးသပ်တတ်စေရန်နှင့် သတင်းတစ်ခုကို စိတ်ခံစားချက်အလိုက် မယုံကြည်ပဲသေချာ စိစစ်တတ်စေရန်၊ Information Techonology ဆိုင်ရာသိမှတ်ဖွယ်ရာ များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)မှ ဘဝမှာ အမှား၊ အမှန် ဆုံးဖြတ်ပိုင်းခြားနိုင်ဖို့ စာပေအသိရှိဖို့ လိုကြောင်းနှင့် စာပေကဗျာဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆက်လက်ဆွေးနွေးဟောပြော ခဲ့ပါသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်အမှာစကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။


သတင်း - အင်ကြင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)