မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၂) ကျင်းပ

 


MNP - နိုဝင်လာဘာ  ၂၂


မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ - ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။


တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မျိုးကောင်း၊ မျိုးသန့်ရရှိရန်၊ မြေဩဇာရရှိရန်၊ အောင်ရေများရရှိရန်နှင့် စိုက်နည်းစနစ် မှန်ကန်ရန် လိုအပ်ပြီး စနစ်တကျဖြင့် စိုက်ပျိုးကြရန် လိုပါကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  အကောင်အထည်ဖော်မှုအဖွဲ့များအနေဖြင့် မိမိခရိုင်အတွင်း (၁)နှစ် (၁)သီးသာ စိုက်ပျိုးသည့် နေရာများအား ဖော်ထုတ်၍ (၁)နှစ် (၂)သီး၊ (၃)သီးစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် နှင့် လျာထားချက်ပြည့်မီရေး အလေးထားဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း၊ သီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်အလိုက်၊ ကွင်းအလိုက်၊ မြေအမျိုးအစား အလိုက် ကောင်း၊ သင့်၊ ညံ့ ခွဲခြား၍ စာရင်းပြုစုထားရှိဖို့နဲ့ စိုက်နည်းစနစ်၊ မျိုး၊ မြေသြဇာ သုံးစွဲမှု မှန်ကန်ခြင်း ရှိ/မရှိ အနီးကပ် ကြီးကြပ်ဆောင်ရွက်ကြဖို့လည်း မှာကြားလိုကြောင်း၊ ရှိပြီးသား စိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် စိုက်ပျိုး ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိအနေဖြင့် စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းကို အားပေး ကြောင်း၊ (၁)နှစ်(၁)သီးသာ စိုက်ပျိုးသည့် နေရာများအား မြေအမျိုးအစား၊ သီးနှံအမျိုးအစား ကွင်းအလိုက်ဖော်ပြ၍ (၁)သီးသာ စိုက်ပျိုးနိုင်သည့် အကြောင်း အရင်း၊ ဆောင်ရွက်ပေးရမည့် အခြေအနေတို့ကို စိစစ်ဆောင်ရွက်ကာ တင်ပြပေးရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ် သည့် မြေဩဇာများရရှိရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ ထွက်ရှိလာ သည့် ဇီဝမြေဩဇာများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံကဏ္ဍတွင် အဓိက ကြုံတွေ့နေရသည့် အခက်အခဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီထောက်ပံ့ ပေးရမည့် အရာများနှင့် ပတ်သက်၍ အချိန်မီ တင်ပြပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က  တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ်(၂၃/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်းတင်ပြ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)