ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ



MNP - နိုဝင်ဘာ   ၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာ အချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း၊ အသက် (၁၈)နှစ် အထက် ဒေသနေပြည်သူ (၆၇)ဦးအား အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်  ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူ (၃၃)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ကကွယ်ဆေးထိုးရန်ကျန်ရှိသည့် သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးစုရပ်များအလိုက် ဆက်လက်ဆောင်ရွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာတော်များ၊ သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အသက် (၁၂)နှစ် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းနေအရွယ် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)