အကြမ်းဖက်အန္တရာယ်ကာကွယ်ပေးနေသည့် တပ်မတော်သားများအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အန္တရာယ်ကာကွယ်ပေးနေသည့် တပ်မတော်သားများအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို






MNP ၊ နိုဝင်ဘာ ၁၀

ယမန်နေ့က PDF အကြမ်းဖက်အန္တရာယ် ကာကွယ်ပေးနေသည့် တပ်မတော်စစ်ကြောင်းများအား ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာနှင့် အခြားသော ကျေးရွာများမှ ဒေသခံများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။


ဆရာတော် ဦးဝါသဝက "စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာရွာ/သားများမှ pdfအကြမ်းဖက်အန္တရာယ်ကာကွယ်ပေးနေသော ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများအား ဝမ်းသာအားရ ရွာသူရွာသားတွေက ကြိုဆိုခဲ့ကြပါတယ်။ PDF အကြမ်းဖက် မရှိတဲ့ကျေးရွာများ ချမ်းချမ်းသာသာနေထိုင်လျှက် ရှိပါတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုတွေကို ကာကွယ်နိုင်ဖို့အတွက်လည်း တပ်မတော်နဲ့အတူ ဒေသခံပြည်သူများက  ပြည်သူ့စစ်အနေနဲ့ မိမိရပ်ရွာ မိမိဒေသ မိမိနိူင်ကို ဖျက်ဆီးနေတဲ့အဖျက်သမားရန်ကို ရွာသူ/သားများ ညီညီညွတ်ညွတ်ပူးပေါင်းကာကွယ်လျှက်ရှိနေပါတယ်။" ဟု မိန့်ကြားသည်။


အကြမ်းဖက်အန္တရာယ် ကာကွယ်တားဆီးနှိမ်နင်းရေးအတွက် တပ်မတော်က အလေးထားဆောင်ရွက်နေခြင်း၊ ဒေသခံပြည်သူများမှ ပူပေါင်းဆောင်ရွက်လာသည့် အခြေအနေကြောင့် အကြမ်းဖက်အန္တရာယ်များ လျော့ပါးလာကြောင်း ဒေသခံများထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)