လားရှိုးမြို့ တိုင်းရင်းသားရိုးရာအစားအစာပြပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက် အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ တိုင်းရင်းသားရိုးရာအစားအစာပြပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက် အားပေး



MNP - နိုဝင်ဘာ  ၂၂


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းသားရိုးရာ အစားအစာပြပွဲကို ရှမ်းပြည်နယ်၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့တော် ခန်းမပတ်လည်တွင် ခင်းကျင်းထားသော တိုင်းရင်းသားရိုးရာ အစားအစာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား မြောင်ဇီးတိုင်းရင်းသားကိုယ်စားလှယ် ဦးစိုးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများအား ရှမ်း၊ “ဝ” ၊ ဗမာ၊ ကိုးကန့်၊ ပလောင်၊ မြောင်ဇီး တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေခဲ့ပြီး တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွင် ပါဝင်ခဲ့ကြသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)