ပင်လောင်းမြို့နယ်တွင် ယာစပါးစံပြကွက်များ ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ယာစပါးစံပြကွက်များ ရိတ်သိမ်း



MNP - နိုဝင်ဘာ  ၂၀


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းဘူးကျေးရွာအုပ်စု၊ ကော်သရွဲရွာတွင်  ယာစပါးစံပြကွက်များ ရိတ်သိမ်းမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ယာစပါးစံပြကွက်ရိုက်သိမ်းရာတွင် တောင်သူ ဦးပေါက်၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၂၃၀)၌ မျိုးကွဲကုန်ပြင်-၂ စံပြ စိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်နှုန်း(၆၆)တင်း၊ တောင်သူ ဦးမောင်ရီ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၇၅၀)၌  မျိုးကွဲဘူကျောက် စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်(၆၂)တင်း၊ တောင်သူ ဒေါ်ငွေ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၃၂၄)၌ ဒေသမျိုးစပါး စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်နှုန်း(၃၂. ၃၀)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)