တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်



MNP - နိုဝင်ဘာ  ၂၆


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေးဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့ထိ လူထုလှုပ်ရှားမှုများကို နှစ်စဉ်ကျင်းပ လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ကနေချမှတ်ထားသော မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၂)ရပ်နှင့်အညီ အမျိုးသမီးများ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women- NSPAW) (၂၀၁၃-၂၀၂၂)ကိုလည်း ကျား၊ မ ရေးရာဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ စောင့်ရှောက်ပေးနိုင်ရေး အတွက် ထားဝယ်မြို့မှာ One Stop Women  Support Ceter (OSWSC) တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးနေသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ အနေဖြင့်လည်း ယခုနှစ်၏ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ဖို့ စွမ်းဆောင်နိုင်သရွေ့ ပိုမိုမြှင့်တင်ဖော်ဆောင်သွားကြ ရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဗီဒီယိုအားလည်းကောင်း၊ ထားဝယ်မြို့မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများက “မင်္ဂလာပါသီချင်း”နှင့် သရက်ချောင်းမြို့ မူလတန်းကြိုကျောင်းဝန်ထမ်းများက “ရဟယ်ရှင်သီချင်း”တို့ဖြင့် ဖျော်ဖြေတင်ဆက်နေမှု အားလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်။ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)