ကမာရွတ်မြို့နယ်တွင် (၅)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် (၅)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး


MNP - နိုဝင်ဘာ  ၄


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ(၃)ရက်နေ့(၀၉:၃၀) အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအောင်ဝင်းသန်း၊ မြို့နယ်အထွေထွေ အုပ်ရုံးခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နှင့် မြို့နယ်တာဝန်ခံဆရာဝန်ကြီး Dr သင်းသင်းနိုင်တို့ ပါဝင်သောအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်း၊ (၅)နှစ်အောက် ကလေးကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ မေးခိုင်ကာကွယ်ဆေး ထိုးနှံနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များတစ်ဦးလျှင် ကြက်ဥ(၁၀)လုံး ထောက်ပံ့ပေးအပ်ခဲ့



ကြောင်း သိရပါသည်။


ထို့နောက်အဖွဲ့ဝင်များသည်ဆက်လက်၍ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၁၀)ရပ်ကွက်၊ အောင်မင်းခေါင်ဘုရားနှင့် အမှတ်(၉)ရပ်ကွက်၊တက္ကသိုလ်ဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ စုပေါင်းဝတ်ရွတ်ဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။


သတင်း - စိမ်းလဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)