MNP - နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့ဦး ရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မောင်တောမြို့နယ်၊ မြို့ဦးရပ်ကွက်၊ ဇူလကျေးရွာ၊ ကွင်းအမှတ်(၁၀၁/ဃ)အခေါင်းပေါက်အရှေ့ကွင်း မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ဆောင် ရွက်ရာတွင် တောင်သူ ဂေါ်ရီနာ၏ ဦးပိုင်အမှတ်(၄၅၆) စိုက်ပျိုးဧက (၁ ဒသမ ၅၀)ဧကတွင် ဆင်းသွယ်လတ် စပါးမျိုး (၀ ဒသမ ၁၀) ဧက မိုးစပါးစံပြကွက်ကို (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းရာ အစိုအထွက်တင်း(၉၅ ဒသမ ၅၆)တင်းနှင့် အခြောက် အထွက် တင်း (၈၆ ဒသမ ၀၀)တင်းထွက်ရှိကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူ(၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment