ရန်ကုန်မြစ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်ကမ်းအနီး၌ မီးလောင်မှုဖြစ်ပွားနေသည့် တွန်းသင်္ဘောတစ်စီးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဝိုင်းဝန်းမီးငြိမ်း သတ်ခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြစ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်ကမ်းအနီး၌ မီးလောင်မှုဖြစ်ပွားနေသည့် တွန်းသင်္ဘောတစ်စီးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဝိုင်းဝန်းမီးငြိမ်း သတ်ခြင်းလုပ်ငန်းများဆောင်ရွက်


MNP ၊ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့အနီး ရန်ကုန်မြစ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်ကမ်း အနီး၌ ယနေ့နေ့လယ် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဟိုင်း- ၆ အမည်ရှိ တွန်းသင်္ဘော တစ်စီးမီးလောင်နေကြောင်းသတင်းအရ တပ်မတော်(ရေ)မှ ပင်လယ်သွား တွဲဆွဲရေယာဉ် ၃ စီးသည် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ  ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်ရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ ဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)