တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော်၊ နိုဝင်ဘာ ၂၀       

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၆၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၄၆ ဦး၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၅၅ ဦး၊ အရိုးရောဂါ ၁၄၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၄ ဦး၊ မျက်စိရောဂါ ၃၁၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၂ ဦး၊ စုစုပေါင်း ၁၀၆၆ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး   ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၅ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)