တတိယအကြိမ်မြောက် ငပလီဆောင်းဦးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တတိယအကြိမ်မြောက် ငပလီဆောင်းဦးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပမည်

 


MNP - နိုဝင်ဘာ   ၁၈


ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့်အနေဖြင့်ကျင်းပမည့် တတိယအကြိမ်မြောက် ငပလီဆောင်းဦးပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။


အဆိုပါ ပြိုင်ပွဲကျင်းပမည့်နေရာများဖြစ်သည့် Ngapali Paradise Hotel နှင့် အားကစားပွဲများကျင်းပမည့် ကမ်းခြေများသို့ ငပလီဆောင်းဦးပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ ပွဲတော်ကျင်းပရေးကော်မတီများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။


ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပွဲတော်ကျင်းပမည့် စင်မြင့်ပြင်ဆင်နေမှု၊ နောက်ခံဗီနိုင်းတပ်ဆင်ဆောင်ရွက်မှု၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်မှု၊ ဖဲကြိုးဖြတ်မည့်နေရာ၊ ရခိုင်ရိုးရာယိမ်းအဖွဲ့၊ ပန်းဖွားဘင်ခရာအဖွဲ့ထားရှိမည့်နေရာနှင့် အားကစားပွဲများကျင်းပဆောင်ရွက်မည့် နေရာများကို သတ်မှတ်ပေးပြီး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါငပလီဆောင်ဦးပွဲတော်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Ngapali Paradise Hotel တွင်ကျင်းပသွားမည်ဖြစ်ပြီး သဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ သဲပန်းချီပြပွဲနှင့်စက်ဘီးစီပွဲအစရှိသည့် အားကစားပွဲများကို ထည့်သွင်း၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရသည်။


ငပလီဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)