ချီဖွေခရိုင်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီဖွေခရိုင်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၅


ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ယနေ့ နံနက် (၉)နာရီက ထက်၊ လယ်၊ မူမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ပြုလုပ်ခဲ့သည်။


အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို "မျိုးချစ်စိတ်ဓာတ်အစ အမျိုးသားနေ့က" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများကို "အမျိုးသားနေ့နှင့် သမိုင်းပေးတာဝန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို "အမျိုးသားနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိမည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်စောင့်ရှောက်ခြင်းတည်းဟူသော ဝံသာနုရက္ခိတ တရားကိုအခြေခံသည့် အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အမျိုးသားရေးအကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ခြင်း စသည့် အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်ပေါ်ပေါက်စေရန်၊ ဘက်စုံအတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂) ဦးကို အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရသည်။


သတင်း - မေခမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)