လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်‌ထောင်ခြင်း လက်တွေ့ကွင်း သရုပ်ပြပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လဟယ်မြို့တွင် နှစ်ရှည်သီနှံစိုက်ခင်းများ ဆောင်ရွက်ရန် ပျိုးခြံတည်‌ထောင်ခြင်း လက်တွေ့ကွင်း သရုပ်ပြပွဲဆောင်ရွက်




MNP - နိုဝင်ဘာ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နှစ်ရှည်သီနှံစိုက်ပျိုး တောင်သူများအား လိုအပ်သော ပျိုးပင်များရရှိနိုင်ရန် ပျိုးခြံတည်ထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က တောင်သူ ဒေါ်အလင်းသေး စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  နာဂဒေသ(တာဝန်ခံ)   စိုက်ပျိုးရေးဦးစီးမှူး   ဦးသိန်းထွန်းတင်မှ  ပျိုးခြံတည်ထောင်းခြင်းအတွက် လက်တွေ့သရုပ်ပြ ဆောင်ရွက် ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပါသည်။


ထို့နောက် လဟယ်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းလင်းမှ ပျိုပင်များ စိုက်ပျိုးနည်းများအား ရှင်းလင်းဆွေးနွေးပြီး ပျိုးအိပ်များသွပ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကာနှစ်ရှည်သီးနှံ (မက္ကာဒေးမီးယား/ဝဥ) စိုက်နည်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့‌ ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် ဌာနဆိုင်ရာများ‌၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)