MNP - နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၁)ဦးအား ပီတိပညာရေးပရဟိတမှ ငွေ(၁၅)သိန်း ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ(၆)ရက်ညနေ(၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပီတိပညာရေး ပရဟိတနာယက ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံဆောင်ရွက်ရသည့်အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်ခင်မာချိုအား ပီတိပညာရေးပရဟိတမှ ထောက်ပံ့သည့် ငွေကျပ်(၁၅)သိန်းကို မြို့နယ်ဒုတိယပညာရေးမှူးဦးဝင်းဆွေက ပေးအပ်ခဲ့ရာပညာရေး(ငြိမ်း)ဒေါ်ခင်မာချိုကလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ပညာရေး(ငြိမ်း) ဒေါ်ခင်မာချိုက အလှူငွေ(၃)သောင်းကျပ်လှူဒါန်းရာ ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဆရာမဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment