နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ရေးဖြေပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ရေးဖြေပြိုင်ပွဲကျင်းပ






MNP - နိုဝင်ဘာ   ၁၆


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝ စေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရေး၊ ကိုယ်ပိုင်ဉာဏ်ရည်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းခြင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ရေးဖြေပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ရေးဖြေစွမ်းရည်ပြိုင်ပွဲများကို ဖြေဆိုချိန် (၁)နာရီဖြင့် စာဖြေခန်း (၄)ခန်းခွဲ၍ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ (Grade-5) မှ (Grade-9)ထိ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ၂၁ ဦး၊ ကျောင်းသူ ၃၉ ဦး၊ စုစုပေါင်း ၆၀ ဦးနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ကျောင်းသား ၂၇ ဦး၊ ကျောင်းသူ ၃၇ ဦး၊ စုစုပေါင်း ၆၄ ဦး၊ ဘာသာရပ်နှစ်ခုတွင် စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၂၄)ဦးတို့မှ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။     


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)