တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၇၄၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၆ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၄ ဦး၊ ကလေးရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၇၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ ဦး၊ စုစုပေါင်း ၇၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အကြီးစားခွဲစိတ်လူနာ ၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၃၀ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၃၁ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင် ယနေ့တွင် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများနှင့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)မှ တာဝန်ရှိသူများက ၂၀၁၆ ခုနှစ်၊ မတ် ၂ ရက်၌ တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ပေါ်တွင် ပထမဆုံး အကြိမ် မွေးဖွားပေးခဲ့သည့် သမီးငယ် မေသံလွင်နှင့် ဆေးရုံတက်ရောက် ကြမည့်သူ များအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ကြသည်။ ၎င်းအပြင် လာရောက်ဆေးကုသမှု ခံယူလျက် ရှိသည့် ဒေသခံပြည်သူများအား ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက နေ့လယ်စာနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများအား  ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)