တည်ဆောက်ရေးအစိုးရနှင့် အလုံးစုံပျက်သုဉ်းရေးဝါဒီများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ဆောက်ရေးအစိုးရနှင့် အလုံးစုံပျက်သုဉ်းရေးဝါဒီများ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရသက်တမ်းတလျှောက် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေနဲ့ နေ့စဉ်စိတ်အေးချမ်းသာ မရှိရပါဘူး။ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီ ဦးဆောင်သူများက ဖွဲ့စည်းခဲ့တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းသံဃာတော် ၇၁ ပါး အပါအဝင် စုစုပေါင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၄၀၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ 


၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုး လုပ်ခဲ့တာတွေကို လိမ်ညာဖုံးကွယ်ပြီး သူတို့သာ ရွေးကောက်ပွဲ အနိုင်ရသူတွေပါ ဆိုတဲ့ ပုံစံနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဆိုတာကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီကနေမှ တဆင့် အမျိုးသား ညီညွတ်ရေး အစိုးရလို့ ခေါင်းစဉ်တပ်ပြီး စင်ပြိုင် အစိုးရတစ်ရပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။


အစိုးရတစ်ရပ်ရဲ့ တာဝန်တွေက ဘာတွေလဲ။ အစိုးရတစ်ရပ် လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို အစိုးရလို့ နာမည်ခံထားတဲ့ NUG က လုပ်ဆောင်နေတာမျိုး ရှိပါသလား။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေး တို့ကို အလေးထား လုပ်ဆောင်ရမယ် မဟုတ်ပါလား။ CRPHကနေမှ NUG ဆိုပြီး အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့သူတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွာဖွံ့ဖြိုးတိုးကတက်အောင် ဆောင်ရွက်ပေးခဲ့တာ ရှိပါသလား။ ပြည်သူတွေရဲ့ နေ့စဉလူမှုစီးပွားဘဝတွေ ကမောက်ကမဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့တာကိုပဲ မြင်တွေ့ရပါတယ်။


ငွေကြေးတန်ဖိုး ကျဆင်းအောင် တစ်သောင်းတန်တွေ သိမ်းတော့မယ်လို့ မဟုတ်မမှန် ဖန်တီးလှုံ့ဆော်မှုတွေ လုပ်ခဲ့ကြတယ်။ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ ပြည်သူတွေကို သပိတ်မျိုးစုံတပ်ပြီး ဆိုင်မဖွင့်ဖို့၊ အလုပ်မသွားဖို့ လှုံ့ဆော်တယ်။ စက်ရုံအလုပ်ရုံတွေကို မီးရှို့ဖျက်ဆီးပစ်တယ်။ သူတို့ရဲ့ လှုံ့ဆော်မှုနောက်ကို လိုက်ပါခြင်းမရှိတဲ့ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အခြားသော ဝန်ထမ်းများ၊ အရပ်သားပြည်သူများကို ဒလန်၊ ပျူစောထီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့ကြတယ်။


ပညာရေးနဲ့ ပတ်သက်လို့ရော အစိုးရတစ်ရပ်အဖြစ် အမည်ခံထားတဲ့ NUG က ဘာတွေ ဆောင်ရွက်ပေးခဲ့ပါသလဲဗျာ။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွေ ပြန်ဖွင့်ဖို့ စတင်ဆောင်ရွက်လာချိန်မှာ ကျောင်းမတက်နဲ့ ကျောင်းထွက် လှုံ့ဆော်မှုတွေကို NUG အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လော်ဘီတွေက အလွန်အကျွံ လှုံ့ဆော်ခဲ့ကြတယ် မဟုတ်ပါလား။ ကိုဗစ်-၁၉ ကြောင့် ပညာရေးနှစ်တစ်နှစ် နောက်ကျခဲ့ရတဲ့ ကျောင်းသား/ကျောင်းသူတွေ ကျောင်းပြန်တက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးကြရမယ့် တာဝန်ရှိသူတွေ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ပြီး ပြည်သူလူထုတစ်ရပ်လုံးကို ပညာမဲ့ ကျောမွဲတွေဖြစ်အောင် လှုံ့ဆော်ခဲ့ကြတာပဲ မဟုတ်ပါလား။ ဒီအထဲမှာ အဆိုးရွားဆုံးကတော့ ပြည်ပြေး၊ ဝရမ်းပြေး မျိုးရန်နောင်သိန်း ရဲ့ လှုံ့ဆော်မှုပါပဲ။ ကျောင်းထားကြမယ့် ကျောင်းသားမိဘတွေကို ခင်ဗျားတို့ ကလေးတွေ ခြေပြတ်/လက်ပြတ် ဖြစ်ချင်ရင် ကျောင်းထား။ အခက်မသင့်ရင် အသက်ပါသွားနိုင်တယ်လို့ ယုတ်ရင်းကြမ်းတမ်းစွာ အကြမ်းဖက်သမားပီသစွာ ပြောဆိုခဲ့တယ် မဟုတ်ပါလား။ 


အစိုးရတစ်ရပ်အမည်ခံပြီး ဖွဲ့စည်းထားတဲ့ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ လှုံ့ဆော်တဲ့အတိုင်း ပြည်တွင်းမှာ ရှိတဲ့ PDF အကြမ်းဖက်သမားများက စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီး၊ ဖောက်ခွဲဖျက်ဆီး၊ ဆရာ/ ဆရာမတွေ ကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ ရန်ကုန်မြို့ပေါ်မှာ ဆရာမကြီး တစ်ယောက်ကို သူမရဲ့ တပည့်များက လုပ်ကြံသတ်ဖြတ်သည်အထိ ရင်နာဖွယ် ဖြစ်ရပ်ဆိုးမျိုး ကြုံခဲ့ရပါတယ်။ လူငယ်တွေဘာကြောင့် အဲဒီလောက်အထိ ရိုင်းစိုင်းမိုက်မဲတဲ့ အလုပ်ကို လုပ်ဝံ့တာလည်းလို့ မေးရင် အာဏာရမ္မက်ထနေတဲ့ အရိုင်းအစိုင်း သတ္တဝါတွေကို ယုံကြည်မိကြလို့ ကြောက်မက်ဖွယ်ရာ အနိတ္ထာရုံသတင်းတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရတာပဲ ဖြစ်ပါတယ်။


ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ ကြည့်လိုက်ပြန်တော့လည်း ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ဆရာဝန်၊ သူနာပြုတွေက CDM လုပ်ပြီး ဆေးရုံရောက်လာတဲ့ လူနာကိုတောင် ကုသမပေးဘဲ မျက်နှာလွှဲထားခဲ့ကြတယ်။ တချို့ဆေးရုံတွေမှာ ကုသပေးမယ့် ဆရာဝန်၊ သူနာပြု မရှိတော့တဲ့အထိ ဖြစ်သွားခဲ့ရတယ်။ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရမယ့် သူတွေကိုယ်တိုင်က သေကြောင်းကြံစည်ခဲ့ကြတယ်။ နိုင်ငံရေးအစွန်းရောက် အာဏာရမ္မက်ထနေသူတွေရဲ့ လှုံ့ဆော်မှုနောက်မှာ ဆင်ခြင်တုံတရားကင်းမဲ့စွာ လိုက်ပါပြီး မိမိတို့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်တဲ့ ဆရာဝန်၊ သူနာပြုများဟာ မြန်မာပြည်မှာပဲ ရှိပါတယ်။ နိုင်ငံရေးပြဿနာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေသော် နိုင်ငံရေးဆူပူအကြမ်းဖက်လုပ်သူတွေက ကျောင်းတွေ ပိတ်သည်အထိ၊ ဆေးရုံ/ဆေးခန်းတွေ ပိတ်ရလောက်သည်အထိ လုပ်ဆောင်ခဲ့တာ မရှိပါဘူး။


မှတ်တမ်းများအရ CDM ဆရာဝန်များကြောင့် ရောဂါကုသမှုခံယူပြီး ကယ်တင်ရမယ့် ပြည်သူ ၆၀၀၀ ခန့်ဟာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ လူသတ်တရားခံကတော့ တာဝန်မဲ့ လုပ်ခဲ့ကြတဲ့ CDM ဆရာဝန်တွေပဲ ဖြစ်ပါတယ်။


တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရအမည်ခံထားတဲ့ NUG က ဘာတွေ လုပ်နေသလဲဆိုတာတော့ အထူးမေးဖို့ မလိုပါဘူး။ တည်ငြိမ်အေးချမ်းတဲ့အခြေအနေမျိုး ဖြစ်သွားမှာကို သူတို့တွေ အလွန်အမင်းစိုးရိမ်နေကြပါတယ်။ ပုံမှန်ပြန်ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေမျိုးကို သူတို့ လုံးဝလက်မခံပါဘူး။ ဒါကြောင့်ပဲ ဘုရားဖူးပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာက စလို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာကြပြန်ပါတယ်။


သူတို့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်တွေကို တိုက်ပွဲလို့ ခေါင်းစဉ်တပ်ပြီး ထုတ်ပြန်တာတွေ့ရပါတယ်။ သူတို့ရဲ့ တိုက်ပွဲတွေက စစ်ရာဝတ်မှုမြောက်တဲ့ တိုက်ပွဲတွေ ဖြစ်နေတာကိုတော့ ဖုံးကွယ် လိမ်ညာထားကြပါတယ်။ 


တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လျှပ်စစ်စွမ်းအား ပြည့်စုံဖူလုံမှုအပေါ်မှာ များစွာ မူတည်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လျှပ်စစ်ဓာတ်အား ပြည့်စုံဖူလုံရေး အဘက်ဘက် က ဖြည့်တင်းနိုင်ဖို့ ကြိုးစားတယ်။ အစိုးရအမည်ခံထားတဲ့ NUG ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေကတော့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို လိုက်လံဖျက်ဆီး နေပါတယ်။ ၅-၁၁-၂၀၂၂ ရက်နေ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ -

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက် ဆောင်ရွက် လျက်ရှိသကဲ့သို့ လက်ရှိထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကိုလည်း ပြည်သူလူထုထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းများအား မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို (၃-၁၁-၂၀၂၂) ရက်နေ့ (၁၉:၄၀) နာရီတွင် အကြမ်းဖက် သောင်းကျန်သူများမှ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရကြောင်း၊


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှု များ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောက်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများလည်း ရှိခဲ့ပါကြောင်း၊ 


အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်း များဖြစ်သော ၂၃၀ ကေဗွီ ဘီလူချောင်း (၂) - ရွှေမြို့ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၁၅) တိုင်အား (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်အား (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်အား (၇) ကြိမ် အသီးသီးဖျက်ဆီးခံခဲ့ရသည်များကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း၊ 


ထိုသို့ဆောင်ရွက်မှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုမှ လည်း လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ပေးကြပါရန် ပန်ကြားထားပါတယ်။


ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူတွေကို မဲလိမ် မဲခိုးပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ချင်တဲ့ အာဏာရမ္မက်ထနေသူတွေဟာ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည်အာဏာကို ချုပ်ကိုင်ခြယ်လှယ်ခွင့် မရခဲ့ဘူး။ သို့ပေသော်လည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမဲ့လွန်းသူတွေရဲ့ အာဏာရမ္မက်ထမှုက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နေ့စဉ်လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေး အစစအရာရာ ခက်ခဲကြပ်တည်း အတိဒုက္ခရောက်အောင် ဖန်တီးခဲ့ကြတယ်။ 


ဒီလိုလူယုတ်မာတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို မသိ၊ မမြင်နိုင်လောက်အောင် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေမှာ ဘာကြောင့် စုံလုံးကန်းကုန်ကြရတာလဲ။ အဓိက အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့ ပညာ၊ အကြောင်းနှင့် အကျိုးကို ဆက်စပ်စဉ်းစား အဖြေရှာနိုင်စွမ်း နည်းပါးသွားကြပြီ။ ဒါကြောင့်ပဲ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုနောက်မှာ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက် လုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုတဲ့ နောက်ဆက်တွဲကလည်း ဆင်ခြင်တုံတရား ကင်းမဲ့သူတွေ များနေမှသာ သူတို့ရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို ယုံကြည်လက်ခံကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာမဲ့များ ဖြစ်အောင် လှုံ့ဆော်နေကြခြင်းပဲ ဖြစ်ပါလိမ့်မယ်။


NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ NUG သည် အစိုးရလို့ အမည်ခံထားသည့်တိုင်အောင် အစိုးရတစ်ရပ် လုပ်ဆောင်ရမယ့် တိုင်းရင်းသားပြည်သူများရဲ့ ကောင်းကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရမယ့်အစား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတိဒုက္ခရောက်အောင် နေ့စဉ်ဖန်တီးလှုံ့ဆော်နေကြပါတယ်။ NUG ရဲ့ သြဇာခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဆိုတာတွေဟာလည်း စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခြင်း အားဖြင့် စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်နေကြပါတယ်။ 


သူတို့တွေ ဖျက်ဆီးသမျှကို ပြုပြင်နေရတာနဲ့ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နစက ဟာ အစိုးရတစ်ရပ်အဖြစ် တာဝန်ယူထားသည်နှင့်အညီ တိုင်းရင်းသားပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာကို ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ NUG အစိုးရလို့ အမည်ခံထားသူများရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ဖြင့် ပြည်သူတို့ရဲ့နေ့စဉ်လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ကဏ္ဍပေါင်းစုံမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြားအောင် တည်ဆောက်ခဲ့ပြီးတာတွေကို ပျက်စီးအောင် ဖျက်ဆီးတယ်။ ထပ်မံ တည်ဆောက်မယ့်အရာတွေကို မတည်ဆောက်နိုင်အောင် အဖျက်အမှောင့် လုပ်ရပ်မျိုးစုံနဲ့ ဖျက်ဆီးနေကြတယ်။ သူတို့ကို အစိုးရတစ်ရပ်လို့ ပြောမယ့်အစား အလုံးစုံပျက်သုဉ်းရေးဝါဒီများ လို့သာ ခေါင်းစဉ်တပ်ရမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)