တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော် အတွက် အားကိုးအားထားရမည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အာကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အားကစားဆိုတာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တမျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားက ဆောင်ရွက်ပေးခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကို လေ့ကျင့်အသုံးချစေရန် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးမှူးမှ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။


ထို့နောက် သရုပ်ပြအဖွဲ့များက တိုက်ကွမ်ဒို၊ Fitness Dance၊ မြန်မာသိုင်းအားကစားနည်းတို့ဖြင့် သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှနည်းပြများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - သီတာအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)