အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှုလျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှုလျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

 



MNP - နိုဝင်ဘာ   ၁၁


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများလျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မြို့မရဲစခန်းမှဒုရဲမှူးမျိုးကြည်၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ်သန့်ဇင်ဦးတို့က ဆရာ/ဆရာမများ၊ ကျောင်းသူ ကျောင်းသားများအား မှုခင်းကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာရန်စည်းကမ်းများ၊ ခြေလျင်သွားလာသူများ၊ လမ်းဖြတ်ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။


ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)