မောက်မယ်မြို့နယ်၌ ထက်/လယ်/မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ထက်/လယ်/မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ   ၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်၍ မောက်မယ်အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာနေပြည်တော်သို့ သင်တန်းတက်ရောက်လာသော မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးသက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးပြောကြားကာ အခြေခံပညာဦးစီးဌာန၏  စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်းစာရင်းအင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်(၂)ဦး၊ အလယ်တန်းကျောင်းအုပ်(၅)ဦး၊ မူလတန်းကျောင်းအုပ်(၅၂)ဦး စုစုပေါင်း(၅၉)ဦးတက်ရောက်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ၄ရက်နှင့် ၅ ရက်(၂)ရက်တာ နံနက် ၉ နာရီမှညနေ ၄နာရီအထိ မြို့နယ်ပညာရေးမှူးမှ ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)