မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်






မောင်တော  နိုဝင်ဘာ  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးဆောင်၍ စစ်ကြောင်း ကြီး (၅) ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ၊ ဦးတည်ချက် (၉)ရပ်တို့အား အ ကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်  ယမန်နေ့က  ရပ်ကွက်၊ကျေးရွာများတွင် ကွင်း ဆင်း ဆောင်ရွက်ခဲ့ ကြသည်။ 


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က   ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဉပဒေ နှင့်အညီထမ်းဆောင်နိုင်ရေး ၊၊ပြည်သူ လူထုများ၏ လိုလားချက်များ ၊ ရပ်ကွက်/ကျေးရွာလုံခြုံရေး  နှင့် တရားဉပဒေစိုးမိုးရေးကိစ္စရပ်များအား လည်း ကောင်း ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင် အား ဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် နှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ၊ အိမ်ထောင် စု လူဦးရေး စာရင်းများ ပြုလုပ်ပေး နေ မှုများ ၊ မဲဆန္ဒရှင်စာရင်းများ ပြည်စုံ မှန်ကန် ရေး အခြေခံလူဦးရေး စာရင်း နှင့် မြေပြင် တိုက်ဆိုင် စစ်ဆေး ခြင်း လုပ်ငန်းများလည်းကောင်း ၊ မီးသတ်ဦးစီးဌာနမှ  မီးဘေးလုံခြုံရေးကိစ္စရပ်များ ၊စစ်ကြောင်းများက မိမိတို့ ဌာနများ အလိုက် ဆောင်ရွက် နေ သည့် လုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်ပေးနေမှုများအား ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြ‌ကြောင်းသိရသည်။


အောင်ကျော်စိန် ၊သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)