မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၂၀၂၂ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

 



MNP - နိုဝင်ဘာ  ၁၉


မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်စေ ရေးနှင့် အားကစားကို လေ့လာလိုက်စားကြစေရေး ရည်ရွယ်၍ မွန်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)အောက် ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစား ဝါသနာရှင်များတက်ရောက်ခဲ့သည်။


ဗိုလ်လုပွဲတွင်ဒိုးကလေးကလပ်အသင်းနှင့် မြို့မ FC ကလပ်အသင်းတို့ယှဉ်ပြိုင် ကစားနေမှုအား ပြည်နယ်ဝန်ကြီးချုပ် နှင့်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်အလိုက်၊ ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံးကစားသမားဆုများ ရရှိကြသည့် ကလပ်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ခဲ့ ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)