လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ





MNP ၊ နိုဝင်ဘာ ၈

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲက လယ်ဝေးမြို့၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ လယ်ဝေးမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သရက်တောကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရအရှင်သူမြတ် အမှူးပြုသည့်  ဆရာတော်သံဃာတော်(၂၀)ပါး ကြွရောက်ချီးမြှင့်တော်မူသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးသက်နိုင်ဝင်း၊ လယ်ဝေးခရိုင် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊၊ မြို့နယ်အဆင့်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး အေလာသရက်တောကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆရာတော်အရှင်သူမြတ်များအား သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များအား  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ လယ်ဝေးမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တကုမာရအရှင်သူမြတ်ထံမှ ရေစက်ချတရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ(၃)ရက်နေ့မှ (၇) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)