ကျွန်းစုမြို့၊ စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့၊ စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - နိုဝင်ဘာ  ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ဌာနဆိုင်ရာများကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် အ.ထ.က စခန်းသစ်ကျောင်းအုပ် ဦးတင်ထွဋ်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ်အခွင့်အရေးများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာက လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများနှင့် ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရစိုးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ် ပြန်/ဆက်မှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဗီနိုင်းများအား ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)