ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာဆိုသည်မှာ (အပိုင်း-၁)


မီဒီယာသမားတွေမှာ လိုက်နာစောင့်စည်းရမယ့် ကျင့်ဝတ်တွေ ရှိတယ်ဆိုတာကိုတော့ အများပြည်သူအနေနဲ့ သိရှိနားလည်ထားပြီး ဖြစ်မှာပါ။ ယနေ့ နာမည်ကြီးသတင်းဌာနတွေမှာ တပ်မတော်မုန်းတီးရေး ဖြန့်ဝေရေးသား နေကြတယ်။ မဲလိမ် မဲခိုးမှုကြောင့် အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီက ပုဂ္ဂိုလ်တွေ တရားမဝင်ဖွဲ့စည်းထားတဲ့ CRPH, NUG ဆိုတာတွေကို တရားဝင်အဖွဲ့အစည်းသဖွယ် ရေးသားဖော်ပြကြတယ်။ NLD ထောက်ခံသူတွေကို သွေးကြွလာအောင် တပ်မတော်က ရက်စက်ယုတ်မာနေသယောင် ဖန်တီးရေးသားဖော်ပြကြတယ်။ တပ်မတော် က ရွေးကောက်ပွဲအနိုင်ရ ပါတီရဲ့လက်ထဲကနေ အာဏာလုယူသယောင် လှုံ့ဆော်ရေးသားမှုတွေနဲ့ NLD ထောက်ခံသူတွေကို အကြမ်းဖက်လမ်းစဉ်ပေါ်ရောက်သည်အထိ မှိုင်းတိုက်ခဲ့ကြတယ်။

ပြည်ဖျက်မီဒီယာဆိုသည်မှာ အထက်ပါအတိုင်း မဟုတ်မမှန် ရေးသားလှုံ့ဆော်သူများနဲ့ ဖွဲ့စည်းထားတဲ့ မီဒီယာဌာနများကို ခေါ်ပါတယ်။ အဲဒီလို ရေးသားဖော်ပြနေတဲ့ မီဒီယာတွေဟာ ဘယ်မီဒီယာတွေလဲလို့ မေးခွန်းထုတ်စရာ မလိုအောင် သိသာထင်ရှားပါလိမ့်မယ်။ RFA, VOA, BBC နဲ့ တကွ ပြည်ပြေးမီဒီယာများဖြစ်ကြတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိတဲ့ သတင်းဌာနတွေပဲ ဖြစ်ပါတယ်။ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ရဲ့ ဆင့်ပွားသတင်းမီဒီယာအမည်ခံတွေဖြစ်တဲ့ Ayeyarwaddy Times, မြေလတ်အသံ အစရှိသော ပြည်တွင်းမှာ ခိုကပ်ပြီး အကြမ်းဖက်လှုံ့ဆော်ရေးသားနေတဲ့ မီဒီယာအမည်ခံတွေလည်း အများကြီး ရှိပါသေးတယ်။

တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှုမရှိဘူး လို့ ပြောရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေဟာ ပြည်ပက ရရှိတဲ့ အထောက်အပံ့တွေနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းတွေကို နေ့ညမပြတ် အစဉ်တစိုက် အင်အားအလုံးအရင်းနဲ့ လုပ်ဆောင်နေကြတာလည်း ပါသလို ဒီလိုပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုနောက်မှာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းပြီး ပုဂ္ဂိုလ်စွဲသန်လွန်းတဲ့ ပြည်သူတွေများစွာ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက သတင်းမီဒီယာဥပဒေဆိုတာကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီ ဥပဒေမှာ သတင်းမီဒီယာ သမားတစ်ဦးသည် အောက်ပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် တာဝန် ရှိသည်-


(က) သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊

(ခ) တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း အမြန်ဆုံးဖော်ပြခြင်း၊

(ဂ) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ သတင်းဖော်ပြရာတွင် တရားရုံးကပြစ်မှု ထင်ရှား စီရင်ခြင်းမပြုသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူအဖြစ် မှတ်ယူခြင်းနှင့် တရားရုံးအား မထီမဲ့မြင်ပြုရာရောက်သော သတင်း ဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဃ) သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲ ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(င) သတင်းဝေဖန်ချက်၊ အာဘော်နှင့် ဆောင်းပါး ရေးသားခြင်းမှ တစ်ပါး သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝ မပါရှိစေခြင်း၊

(စ) တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဆ) အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင် ကြဉ်ခြင်း၊

(ဇ) ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း၊

(ဈ) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာခြင်း။


ဒီအချက်တွေဟာ သတင်းမီဒီယာသမားများ၊ သတင်းဌာနများအားလုံး လိုက်နာရမယ့် ကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်တွေဟာလည်း နစက အစိုးရတက်လာမှ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေ မဟုတ်ပါဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်ကစလို့ NLD အစိုးရလက်ထက်မှာလည်း ဒီကျင့်ဝတ်တွေကိုပဲ လိုက်နာခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေကို ဦးဆောင်နေသူတွေကိုယ်တိုင် စာနယ်ဇင်းကောင်စီမှာ ရာထူးတာဝန်တွေ ယူပြီး လုပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့တွေ ရေးသားဖော်ပြနေတဲ့ သတင်းတွေကို ကြည့်လိုက်ရင် အထက်ပါ ကျင့်ဝတ်စည်းကမ်းတွေနဲ့ ညီ/ မညီ အကဲဖြတ်ကြည့်ပါ။ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုတွေ နေ့စဉ်ရေးသားဖော်ပြနေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလို ရေးသားဖော်ပြနေတဲ့ မီဒီယာတွေကို ပြည်ဖျက်မီဒီယာများလို့ ခေါ်ပါတယ်။


(ဆက်လက်ရေးသားဖော်ပြပါမည်။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)