အခြေခံပညာအထက်တန်းဆင့်သင် သိပ္ပံဘာသာရပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာအထက်တန်းဆင့်သင် သိပ္ပံဘာသာရပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၁၄


၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) အခြေခံပညာအထက်တန်းဆင့်သင် သိပ္ပံဘာသာရပ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးစနစ်သစ်ဖြစ်သည့် KG+12 ကိုပြောင်းလဲခဲ့တာလာမည့် ပညာသင်နှစ် ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ Grade-9 နှင့် Grade-12 စနစ်သစ်ကြီးတစ်ခုလုံးကို သင်ရိုးသစ်များနှင့် ပြောင်းလဲနိုင်တော့မှာ ဖြစ်ကြောင်း၊   သင်ကြားသင်ယူမှုဖြစ်စဉ်အရ တီထွင်ဖန်တီးသည့် အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလို သင်ထောက်ကူပစ္စည်း များ လက်တွေ့အသုံးချမှုသည် အင်မတန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှုဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) လို့ခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏ (၇၅ ရာခိုင်နှုန်း) ကျော်ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်သူများက ရရှိကြမှာဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ ရည်ရွယ်ချက်ကို အချိန်တိုအတွင်းရောက်ရှိအောင် အထောက်အကူဖြစ်နိုင် မှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတွေမှာ ဘဏ္ဍာငွေအမြောက်အများ အသုံးပြုပြီး ခေတ်မီဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိ၍ နိုင်ငံတော်ရဲ့ စေတနာကိုနားလည်သိရှိပြီး ဆရာ/ဆရာမများ အနေဖြင့် သင်ထောက်ကူပစ္စည်းများ အသုံးချနိုင်မှုကို ကြိုးပမ်းသင်ယူကြရန် အမှာစကားပြောကြားသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဦးစိုးလွင်က သင်တန်းဖွင့်လှစ်သင်ကြားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပဲခူးတက္ကသိုလ်မှ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စာသင်ခန်းများအတွင်း သင်ခန်းစာများသင်ယူ၊ သင်ကြားနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အဆိုပါ သင်တန်းအား ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)ရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်ခရိုင်တို့မှ ဓာတုဗေဒဘာသာရပ် အတွက်(၃၄၆)ဦး၊ ရူပဗေဒဘာသာရပ် အတွက်(၃၆၂)ဦး၊ ဇီဝဗေဒဘာသာရပ်အတွက် (၂၄၂)ဦး တက်ရောက်သင်ယူကြမည်ဖြစ်ပြီး ပဲခူးတက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပေဗဒ၊ ဇီဝေဗဒဌာနများရှိ ပါမောက္ခများ၊ ဌာနမှူးများက တာဝန်ယူကာ နိုဝင်ဘာလ (၁၂/၁၃/၁၉/၂၀/၂၆/၂၇) ရက်နေ့များတွင် သင်ကြား  ပို့ချပေးသွား မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင်လည်း ပြည်တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများက  တာဝန်ယူပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)