MNP - နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှားစကား ပြောကြားပြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဦးက ရည်ရွယ်ချက်၊ အခန်း(၁) အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပါယ်ဖော်ပြချက် အခန်း(၁၆)ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းစသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူသန်းလွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းတို့က သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးသွားကြောင်း သိရသည်။
သတင်း - ဆွေနွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment