ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

 


MNP - နိုဝင်ဘာ  ၁၅


အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ သတင်းအချက်လက်နှင့် ဆက်သွယ်ရေးနည်းပညာထွန်းကားသည့် ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် နိုင်ငံသားတိုင်း သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပညာရပ်များအား အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာအသုံးချတွင် အခြေခံကျွမ်းကျင်မှုရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် နောက်မကျပဲ တန်းတူရင်ဘောင်တန်း၍ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင်  ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)အနေဖြင့် ပြည်နယ်အတွင်း အမှန်လိုအပ်ချက်အား မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း သတင်းအချက်လက်နည်းပညာများ ပြန့်ပွားစေရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး ပြည်သူတို့၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးနှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ ဒုတိယပါမောက္ခချုပ်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)တွင် ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်း (တက္ကသိုလ်ဝင်တန်း) အဆင့်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား (၂၃)ကြိမ်မြောက် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၄၆၇)ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ယခုသင်တန်း အပတ်စဉ်(၂၃)အား ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)