သီတဂူသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များရှိ မိသားစုများက အလှူတော်ငွေပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များရှိ မိသားစုများက အလှူတော်ငွေပေးအပ်လှူဒါန်း


MNP ၊ နိုဝင်ဘာ ၂၀                   

သီတဂူသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက အလှူတော်ငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန် အောင်ခန်းမ၌ပြုလုပ်ရာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည်ညိုကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ် ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းလှူဒါန်းသည့် အလှူတော်ငွေကျပ် ၁၅၄ သိန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ သီတဂူဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)