MNP - နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်လမ်းများအား ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ရေးစီမံချက်အရကျေးရွာချင်းဆက်လမ်းများအား Paved Road အဖြစ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျော်ထက် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော နွားရုံတောင်နှင့် ငွေတောင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းမှ ဒုအခြေခံလွှာ ခွဲကျောက်ခင်းကြိတ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းအရှည်(၁/ဝ)မိုင်ရှိသည့် အနက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်(ဝ/၃) မိုင်အား ရန်ပုံ ငွေ(၁၅၅ ဒသမ ၀၄၅) ကျပ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများအား သတ်မှတ်အတိုင်းအတာ စံချိန်စံညွန်းများနှင့်အညီ ကိုက်ညီစေရေး ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းများ ပြီးစီးရေး အတွက် အလေးထားဆောင် ရွက်ကြရန်လိုကြောင်းကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။အဆိုပါ လမ်းဆောင်ရွက်ပြီးစီးပါက မောင်တောမြို့နယ်(မြောက်ပိုင်း)ရှိ ကျေးရွာနေပြည်သူလူထုမှမောင်တောမြို့ လေးမိုင်ရပ်ကွက်သို့ လျင်မြန်စွာဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment