Pages

Pages

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရမည့်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး






MNP ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်မြောက်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံ ပေးသည်။ 


ကျောက်ဖြူမြို့နယ်၌ နိုဝင်ဘာလ(၈)ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ ပြီးသူ (၈၆၈၀၉)ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၇၆၄၉၇)ဦး၊ တတိယအကြိမ်ထိုးနှံပြီးသူ(၃၀၈၀၀)ဦး၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူ(၁၃၉၆)ဦးရှိပြီဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေ သေးသူများကို ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment