Pages

Pages

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေး



MNP ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့ နံနက်၁၁နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ် ရပ်ကွက်ရှိ  မြို့နယ်ဆက်   သွယ်ရေးစခန်း (စာတိုက်)ရုံးသို့သွားရောက်၍  စာအုပ်၊စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဝန်ထမ်းများကစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွား    လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်  စသည့်စာအုပ်(၈၀)ကျော်ဖြင့် မြို့သစ်

ရပ်ကွက်ရှိ မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ရုံးရှိ ဝန်ထမ်းများ အား သွားရောက်ငှားရမ်းပေးခဲ့သည်။ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာဖတ်သူများ အဆင်ပြေစေရန်  Mobile Library ဖြင့်စာအုပ်စာစောင်များ(အခမဲ့)တစ်ပတ်ငှားရမ်းပြီးအသစ်လှဲလှယ်စနစ်ဖြင့် အပတ်စဉ်ပုံမှန် ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment